By CDM activist Matu BLT
ကျွန်တော်တို့ကြီးထွားလာဖို့လိုပါတယ်…လူသားများပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်တွေပဲဖြစ်ဖြစ် မွေးဖွားပြီးရင် ပုံမှန်အတိုင် ကြီးထွားလာကြဖို့လိုပါတယ်။အသက်အရွယ်လိုက်ပြီး ရှိသင့်တဲ့ ကိုယ်ခန္ဓါ အရွယ်အစား၊ အသိဥာဏ်နဲ့ တုန့်ပြန်မှုတွေရှိလာဖို့ လိုအပ်ပါတယ်။

လက်ရှိ မအလ အာဏာသိမ်းဒါ (၈၇) ရက်ရှိပါပြီ၊ အခြေအနေမျိုးစုံ၊ ရက်စက်မှုမျိုးစုံကြားကနေ ပြည်သူလူထုတော်တော်များများ ရင့်ကျက်ကြီးထွားလာကြပါတယ်။ ဥပမာအနေနဲ့ပြောရရင် CDM ကို ၁-၂-၂၁ အာဏာသိမ်းဒါနဲ့ Red Ribbon campaign တွေကို ဌာနဆိုင်ရာ အသီးသီးမှာ လုပ်ဆောင်ခဲ့ကြတယ်၊ အဲ့ဒီကနေ ပိုမြင့်မာတဲ့ level ဖြစ်တဲ့ CDM ကိုဆောင်ရွက်ကြရဒါဖြစ်ပါတယ်။
လစာမရဒါ ၃ လပြည့်လာသည့်တိုင် နိုင်ငံရဲ့အခြေအနေ လိုချင်တဲ့အပြောင်းအလဲ မဖြစ်သေးတဲ့အတွက် လစာအရမ်းလိုအပ်နေသည့်ကြားက မိမိအနေဖြင့် ဘာဆောင်ရွက်ပေးနိုင်မလဲ ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ စိတ်ဓါတ်နဲ့ အဆင်သင့်ရှိနေကြဒါ တကယ် ရင့်ကျက် ကြီးထွားလာမှုဖြစ်ပါတယ်။ ဒါပေမယ့်တစ်ချို့သောသူတွေ မကြီးထွားမရင့်ကျက်လာတဲ့အပြင် ပိုနုနယ်သွားချင်နေတယ် ၊ ပြောရရင် ကိုယ်ဘက်က ဘာလုပ်ပေးနိုင်မလဲဆိုဒါ မစဥ်းစားပဲ သူများတွေ ရုံးပြန်တက်နေကြပြီလား၊ ရုံးကဖုန်းဆက်ခေါ်နေဒါ တက်လိုက်ရင်ကောင်းမလား၊ လစာကဘယ်တော့ရမှာလဲ စတဲ့ စိတ်တွေနဲ့ပဲ ရှင်သန်နေဒါတွေ့နေရပါတယ်။ ဒါဟာ ရင့်ကျက်ကြီးထွားမှုမရှိ့သေးတဲ့ စိတ်ဓါတ်လို့ပြောချင်ပါတယ်။
နောက် ဝန်ကြီးဌာနတွေထဲမှာဆိုရင် ဥပမာအနေဖြင့် ပညာရေးဝန်ကြီးဌာန၊ အမှန်တကယ် CDM လုပ်နေတဲ့ ဆရာ/မ တွေကို မပြောလိုပါဘူး၊ တစ်ချို့ သော ဆရာ/မတွေ အစကတည်းကနေကို CDM မလုပ်ပါဘူး ။ မျက်နှာပြောင်နဲ့ ရုံးတက်/ကျောင်းသွားကြပါတယ်။ ဒီလိုလူတွေကတော့ လူသားစိတ်မရှိသူတွေပါ။

နောက် CDM တော့လုပ်တယ် သင်တန်းတက်/ရာထူးတိုးဖို့ခေါ်တော့ အပြေးကလေးသွားကြပါတယ် ဒီလိုလူကတော့ အခွင့်အရေးသမားတွေဖြစ်ပါတယ်။ CDM လည်းလုပ်တယ်၊ ရာထူးတိုး/သင်တန်းမတက်ဘူး ဒါပေမယ် ကျောင်းတွေဖွင့်မယ်ဆိုရင် သွားမယ်ဆိုတဲ့ မရင့်ကျက်နိုင်တဲ့သူတွေ ရှိနေပါတယ်။
တကယ့် CDM အမာခံတွေဟာ နောက်ကြောင်းပြန်လှည့်မယ့်စိတ်/ခံယူချက် မရှိဘူး၊ ရှေ့တိုးဖို့ဘဲ တွေးခေါ်စဥ်းစားနေပါတယ်။ ပြည်သူတွေ သေဆုံးဒါ (တိုင်းရင်းသား လက်နက်ကိုင်များမပါ) ၈၀၀ ဝန်းကျင်ရှိနေပြီး မတရားဖမ်းဆီးခံ ၃၀၀၀ ကျော်ရှိနေပါတယ်။ ဒါတွေဟာ အိမ်မက်မဟုတ်ပါဘူး လက်ရှိတကယ်ဖြစ်နေဒါပါ။ ဒါကြောင့် ကျွန်တော်တို့အားလုံး ရင့်ကျက်ကြီးထွားကြပါစို့၊ ရပ်မနေကြပါနဲ့၊ အနည်းဆုံးတော့ ရွေ့နေကြပါ။ လူတိုင်း အခက်အခဲကိုယ်စီရှိနေကြပါတယ်။ ဒါပေမယ့် ပန်းတိုင်ကို ကျွန်တော်တို့တွေကိုယ်တိုင်ရယူ ကြရမှာဖြစ်ပါတယ်။
61You, Buh Joses LungCim, Esther Angel Laithang and 58 others10 Comments5 SharesLikeCommentShare
Filed under: 1 General News, 2 Burma News |
Leave a Reply