• Specific News

  • February 2021
    S M T W T F S
     123456
    78910111213
    14151617181920
    21222324252627
    28  
  • Donate Us

    Category 1: at the following link https://www.gofundme.com/manage/assistance-to-victims-of-military-coup-in-burma (or) Category 2: https://matupi.org/aids/

Who is behind GSC?

By Bungtla Vakok

Inner sources disclosed the link between GSC (General Strike Committee) and Moe Te Zun. I read the book nearly 10 years ago which covers the whole incidents of ABSDF from Northern (KIA territory about Thankhe and his fellows) and Southern (KNU territory about Moe Te Zun and his fellows) how they treated their fellow inhumane ways. Better read the whole story in a book called “The Forgotten Justice under the shadow of the curse” or later version “Escape from The Ware Wolves”, (author by Smar Nyi Nyi). It appears to be the whole incidents were orchestra by Khin Nyunt’s spies under the disguise of Students. As a result, the innocent lives of students’ were sacrificed in vain.

Here is a short version to taste in Burmese:

Gen XYZ လေးတွေ ဗဟုသုတရရန် တင်ပေးလိုက်ပါတယ် 😢“အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့မိုးသီးဇွန်၏ ရက်စက်ယုတ်မာမှုများ”

=====================၁၉၈၈ ဒီမိုကရေစီ အရေးအခင်းကြီး အပြီး ကျောင်းသားတွေ နယ်စပ်ဒေသများကို ထွက်ခဲ့စဉ်က အများစုဟာ အသက် ၁၉၊ ၂၀ ပတ်ဝန်းကျင်တွေများပါတယ်။ တချို့ ၁၄ ၁၅ နှစ်အရွယ် ငယ်ရွယ်သူတွေ ပါသလို၊ မိုးသီးနှင့် နိူင်အောင်တို့ လို ၂၆, ၂၇ နှစ် အရွယ် ရောက်ပြီးသူများလဲ ပါခဲ့ကြပါတယ်။ စစ်တပ်ကို လက်နက်ကိုင်ပြန်တိုက်မယ်ဆိုပြီး ထွက်ခဲ့ကြတယ်။အဓိကကတော့ ယုံကြည်ချက်နဲ့ အပေါင်းအသင်းတွေကြောင့်ဆို မမှားပါဘူး။ စာသင်ခန်းတွေ၊ မိသားစုတွေ၊ မိဘရင်ခွင်တွေကို စွန့်ပြီး ထွက်ခွာခဲ့ကြတဲ့ သူတွေပါ။စဉ်းစားကြည့်ပါ။ တရားဥပဒေ စိုးမိုးမူမရှိတဲ့ နယ်စပ် လက်နက်ကိုင်ဒေသမှာ မိဘရင်ခွင်ထဲမှ ရုတ်တရက် ခွဲ ထွက်လာခဲ့တဲ့ ငယ်ရွယ်သူများအတွက် အဓိက မှီခိုအားထားစရာအဖြစ် သူတို့မိသားစုနေရာမှာ ဘယ်သူကို အစားထိုးမလဲ။ သူတို့ရဲ့ တော်လှန်ရေး အဖွဲ့အစည်း၊ သူတို့ရဲ့ ခေါင်းဆောင်ဆိုသူများနဲ့ သူတို့ရဲ့ အပေါင်းအသင်း အချင်းချင်း တွေဟာ သူတို့ရဲ့ မိသားစုပဲပေါ့ဗျာ။

နယ်စပ်မှာ ကျောင်းသားအချို့ ရန်သူ့လူလို့ စွပ်စွဲခံရပြီး လူမျိုးစု အဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်ချင်းကို ခံခဲ့ရပါတယ်။အကျည်းတန်းဆုံး နဲ့ ရင်နာစရာ အကောင်းဆုံးက “ကျောင်းသား” ဆိုတဲ့ အမည်ခံထားတဲ့ ခေါင်းဆောင်ဆိုသူအချို့က အုပ်စုဖွဲပြီး ကျောင်းသားတွေကို ရန်သူလူအဖြစ် စွတ်စွဲပြီး ညှင်းပန်းနိုပ်စက် သတ်ဖြတ်ခဲ့ခြင်းပါဘဲ။မိမိ ကိုယ်ကျိုးအတွက် တခုမှ မပါဘဲ တိုင်းပြည်အတွက်ဆိုပြီး မိဘတွေကို စွန့်ပြီး ထွက်လာကြတဲ့ ကျောင်းသား လူငယ်တွေဟာ လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်းနိုပ်ဆက်ခံပြီးမှ သတ်ဖြတ်ခံ ခဲ့ကြရတာပါ။ တစ်ရက် မဟုတ်ဘူး။တစ်ပတ် မဟုတ်ဘူး။တစ်လ မဟုတ်ဘူး။လပေါင်းများစွာ ရက်ရက်စက် ညှင်းဆဲ ပြီးမှ တိရိစ္ဆာန်တွေလို သတ်ခဲ့ကြတယ်။

မိုးသီးဇွန်က ကိုဌေးနိူင် (၁၉၈၈ သင်္ချာ နောက်ဆုံးနှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘော သမား၊ ရန်ကုန် တက္ကသိုလ်)ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ် ။နည်းပေါင်းစုံနဲ့ တိရိစ္ဆာန်တကောင်လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲမှာ လပေါင်းများစွာ ထားခဲ့တဲ့အတွက် ကိုဌေးနိူင်တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများဆွဲပြီး တကိုယ်လုံးနူခဲ့ ရပါတယ်။ကိုဌေးနိူင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်းကိုစောင့်ရတဲ့ ABSDF ကျောင်းသားလေးက “ကိုဌေးနိူင်က မျက်ရည် တွေကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကိုတောင်းပန်ခဲ့တယ်” လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။မိုးသီးဇွန်က ဌေးနိူင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေးခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံးစခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ ပါတယ်။ဌေးနိူင်ကို သိကြတဲ့ သူများအားလုံး ဌေးနိူင်ဟာ တော်တော် သတ္တိကောင်းပြီး စိတ်ခိုင်မာတဲ့သူ ဖြစ်တယ်ဆိုတာကို သိကြပါတယ်။ ကိုဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ တက်ကြွစွာပါဝင်ခဲ့ ကြသူတွေပါ။

နိူင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နဲ့ အောင်နိူင်(ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး ကျောင်းသားကျောင်းသူ ၁၀၀ ခန့်ကို အစိုးရသူသျှို များအဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။လပေါင်းများစွာ တော်ရုံလူ မကြားဝံ့ရလောက်အောင် ယုတ်မာရက်စက်သော နည်းလမ်းများဖြင့် ညှင်းပန်းနှိပ်ဆက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။အများစုဟာ ခေါင်းဖြတ်သတ်ခြင်းခံရပါတယ်။

အသက် ၁၉နှစ်အရွယ်နဲ့ တောခိုခဲ့တဲ့ ကျောင်းသူ မခင်ချိုဦးကို မသတ်ခင် ညှင်းပန်းတဲ့ အချိန်ကာလအတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းကို လူအများရှေ့မှာ ကာမဆက် ရှက်ခိုင်းတယ်။နောက် မခင်ချိုဦးရဲ့ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊ ပါးစပ်အတွင်း ဒါးမြောင် ဖြင့်ထိုးမွေ့ကာ စစ်ဆေး ခဲ့ပါတယ်။ဖမ်းဆီးခံ ကျောင်းသားတွေရဲ့ခြေလက်များကို မိုင်းဗုံးများ ချီနှောင်ပြီး ပြေးခိုင်းခြင်း။လက် ချောင်းများဖြတ်ပြီး လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း။လက်ကိုခုတ်ဖြတ်ပြီး ပါးစပ်မှာ ပြန်ကိုက် ခိုင်းခြင်း။ခေါင်းဖြတ်သတ်ခံရတဲ့ သူရဲ့ လည်ပင်းပြတ်ကထွက်တဲ့ သွေးကို တခြားဖမ်းဆီးခံ ကျောင်းသား တစ်ယောက်ကို သောက်ခိုင်းခြင်း။အခြားနည်းလမ်းပေါင်းစုံနဲ့ မသတ်ခင် လပေါင်းများစွာ ညှင်းဆဲခဲ့ပါတယ်။

မိဘအရွယ်ရောက်လာကြပြီတဲ့ ကိုယ်ကိုယ်တိုင် မိဘဖြစ်လာပြီ ဖြစ်တဲ့ ကျနော်တို့ ခင်ဗျားတို့တတွေလည်း မိဘမေတ္တာနှင့် သံယောဇဉ်ကို ပိုနားလည်လာကြမှာပါ။ခုလိုအချိန်မှာ အပြောင်းအလဲတွေဖြစ်ပြီး ကျောင်းသားတချို့ မြန်မာပြည် ပြန်လာကြပြီ ဆိုတော့ သက်ရှိထင်ရှားရှိသေးတဲ့ မိဘတိုင်းက သူတို့ရဲ့ သားသမီးတွေ ကိုမျှော်ကြမှာပါ။ ညီတွေ ညီမတွေက အကိုတွေ အမတွေကို မျှော်ကြမှာပါ။ နိုင်အောင် နှင့် မိုးသီးဇွန်တို့ သတ်ဖြတ်ခဲ့တဲ့ ကျောင်းသား လေးတွေရဲ့ မိဘတွေ ညီအကိုမောင်နှမတွေနေရာမှာ ကိုယ်ချင်းစာကြည့်ကြပါ။သူတို့လဲ အခြားမိသားစုတွေလို မျှော်ချင်ကြမှာပါ။ အခြားမိသားစုတွေ ပြန်လည် ဆုံစည်းလို့ ပျော်ရွှင်နေချိန်မှာ သူတို့သားသမီးတွေ ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတဲ့ အသိက သူတို့ကို ဘယ်လောက်ကြေကွဲစေမယ်ဆိုတာ စဉ်းစားစရာ မလိုပါဘူး။အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက် လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေ ကြပြီး မီဒီယာတွေနဲ့ ဒီမိုကရေစီသမား ဆိုသူတွေကချီးမြောှက် ဆက်ဆံနေတာကို တွေ့တဲ့အခါ သူတို့ ဘယ်လောက် အားငယ်မလဲ။

ဒီမိုကရေစီ အတွက်ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွအတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ။ ဘယ်လောက် ခံစားကြရမလဲ။အဲဒီတော့ ပြည်တွင်းမှာရှိတဲ့ ၈၈မျိုဆက် ကျောင်းသားခေါင်းဆောင်များအားလုံး အနေနဲ့ သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ၊ နဲ့ကျနော်တို့အားလုံး အဖြူစင်ဆုံး ပါဝင်ခဲ့ကြတဲ့ ၈၈၈၈ အရေးတော်ပုံကြီး မျက်နှာထောက်ပြီး ဒီ နိုင်အောင်နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ်သမား အစုလိုက်အပြုံလိုက်သတ်ခဲ့သူတွေကို ဝိုင်းဖော်ကြပါ။အဲဒီနေရာမှာ ဒါတွေဟာတောထဲမှာ ဖြစ်ခဲ့တာ၊ ပြီးခဲ့တာ ပြီးခဲ့ပြီ၊ ငါတို့နဲ့ဘာမှမဆိုင်ဘူး၊ ငါတို့ဟာ နည်မည်ကြီး တွေဘဲ ဆင်သွားရင်လမ်းဖြစ်တယ်။

မိုးသီးဇွန်ဟာ ငါတို့ ဗကသ ကလူ၊ နိုင်အောင်ဟာ ခင်ဥမ္မာယောင်္ကျား ၊ငါတို့ မကသ ကလူ၊ ငါတို့ကို အများကြီးထောက်ပံ့ခဲ့တဲ့သူ၊ ဆိုတဲ့ အတွေး မျိုးတွေနဲ့ အသိအမှတ်ပြု ဆက်ဆံခဲ့မယ်ဆိုရင်သတ်ခံခဲ့ရတဲ့ ကျောင်းသားကျောင်းသူ များနဲ့ သူတို့ရဲ့ မိသားစုများသာမက၊ခင်များတို့အားလုံးကို လူအခွင့်အရေး နဲ့ တရားမျှတမှု တိုက်ပွဲရဲ့ ခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုထားတဲ့သူအားလုံး နှင့်တကွ ဒီမိုကရေစီရေးတခုလုံးကို စော်ကားလိုက် တာဖြစ်ပါတယ်။

ဒါပေမဲ့ ဒီသတ်ဖြတ်မူတွေဟာ ငါတို့ တပ်မတော်ကို တိုက်ခိုက်တော်လှန်နေခဲ့တဲ့ အချိန်မှာ သူတို့အချင်းချင်း ဖြစ်ခဲ့တာ၊ ငါတို့ အုပ်ချုပ်မူ မရှိတဲ့ ဒေသမှာဖြစ်ခဲ့တာ။ ငါတို့နှင့်မဆိုင်ဘူး ဆိုပြီး မိုးသီးဇွန် နှင့် နိုင်အောင်တို့ကို အသိအမှတ် ပြု ဆက်ဆံမည်ဆိုရင် ခင်ဗျားတို့ ကြိုးစားခဲ့တဲ့စေတနာထားခဲ့တဲ အမျိုးသားညီညွတ်ရေးလုပ်ငန်းစဉ်ကို ထိခိုက်ရုံသာမက ဒီမိုကရေစီနဲ့ လူအခွင့်အရေး ချစ်မြတ်နိုးသူ အားလုံးကိုစော်ကား မထီမဲ့မြင် ပြုလိုက်ခြင်း ဖြစ်ပါ လိမ့်မယ်။ပြည်းတွင်းမှာရှိတဲ့ ကျောင်းသားအားလုံးနဲ့တကွ လူအခွင့်အရေး မြတ်နိုးသူ အားလုံးအနေနဲ့ ကျောင်းသားသတ်သမား မိုးသီးဇွန် နဲ့ နိုင်အောင် နှစ်ယောက်စလုံးကို သူတို့ကျုးလွန်ခဲ့တဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေအစုလိုက်အပြုံလိုက် သတ်မှုတွေကို ဝိုင်းဝန်းဖော်ဆောင်ကြပါလို့ တိုက်တွန်း လိုက်ပါတယ်။

Credit:

  • The 4th Pillar Media Group
  • ပြည်ပရောက် ၈၈မျိုးဆက်ကျောင်းသားများ တောကဘကြီး Tay Zar Htet#CJ🦂🦚

#သိအောင်ရှယ်ပေးရမှာကကိုယ့်တာဝန်လို့ခံယူထားသူ

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: