• Specific News

  • January 2023
    S M T W T F S
    1234567
    891011121314
    15161718192021
    22232425262728
    293031  
  • Donate Us

    Category 1: at the following link https://www.gofundme.com/manage/assistance-to-victims-of-military-coup-in-burma (or) Category 2: https://matupi.org/aids/

The Root Causes of Struggling to Overcome the Revolution in Burma among Ethnics base Democracy Movement.

ချင်းတို့ ချင်းသီးချင်းကို သံပြိုင်ကျူးအေးချိန်တန်ပါပြီ

by Matu BT

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ညနေ ၃ နာရီမှာ ဖြစ်ပျက်ခဲ့တဲ့ ဖလမ်းမြို့တွင်း ပတ်ခတ်မှုဖြစ်ပွားခဲ့ခြင်းနှင့်ပတ်သက်ပြီး CNO/CNDF ကအပြင်းအထန်ကန့်ကွက်ရှုတ်ချတဲ့ စာတွေ့ရတော့ စိတ်ထဲအတွေးအမြင်လေးတွေထွက်ပေါ်လာပါတယ်။

ထုတ်ပြန်စာမှာ အချက် (၃) ချက်ဖော်ပြထားပြီး အချက် (၁) အနေနဲ့ ပတ်ခတ်မှုဟာ CNO/CNDF နှင့် မသက်ဆိုင်ကြောင်း၊ အချက် (၂) အနေနဲ့ CJDC သဘောတူချက်ကို ဖောက်ဖျက်ကြောင်းနဲ့ နောင်ထပ်မံပြုလုပ်လျင် လိုအပ်သလို (အပြန်အလှန်ပစ်ခတ်နိုင်) အရေးယူမည်ဖြစ်ကြောင်း၊ အချက် (၃) စကစရဲ့ ဒေါက်တိုင်တွေကို အပြင်းအထန်ရှုတ်ချကြောင်းနှင့် အမြန်ဆုံးပြန်လည် လွှတ်ပေးရေးနှင့် မဟုတ်ပါက ပြင်းထန်စွာ တုန်ပြန်သွားမည်ဆိုပြီးတော့ ပါရှိဒါတွေ့ရပါတယ်။

အဖွဲ့အစည်းတစ်ခု၏ ထုတ်ပြန်ဆောင်ရွက်ချက်အပေါ် ကောင်းခြင်း/ဆိုးခြင်း မဟုတ်ပဲ အပြုသဘောအနေဖြင့် သုံးသပ်ရလျင် အချက်(၁) အရ ချင်းပြည်တော်လှန်ရေး အင်အားစုတွေ ချိတ်ဆက်မှုဘယ်လိုရှိနေသလဲဆိုတဲ့ဟာ လှစ်ပြသလိုဖြစ်တယ်လို့ မြင်မိပါတယ်။ အချက် (၂)က CJDC သဘောတူညီချက်တွေကို လေးစားလိုက်နာဖို့လိုအပ်ကြောင်း အဓိကဖော်ပြထားပြီး အရေးကြီးတဲ့အချက်လည်းဖြစ်ပါတယ်။ တစ်လောကတော့ CNO/CNDF အနေနဲ့ ညီလာခံ ဆုံးဖြတ်ချက်အရ CDJC အဖွဲ့ကနေ ရပ်နားထားကြောင်း စာထုတ်ဒါတော့ တွေ့မိပေမယ် ခုတော့ဘယ်လိုအခြေအနေလဲဆိုဒါတော့ မသိရသေးပါဘူး။ အချက်(၃) ကတော့ နားလည်ဖို့ လွယ်ကူပါတယ်။

မြန်မာနိုင်ငံရဲ့နွေဉီးတော်လှန်ရေးနှင့်အတူ ချင်းပြည်တစ်ဝှမ်းမှာလည်း စကစကိုတော်လှန်ဖို့ လက်နက်ကိုင် အသီးသီးထွက်ပေါ်လာပါတယ်။ မြို့နယ်ကိုအခြေခံ၍ လည်းကောင်း၊ မျိုးနွယ်စုကိုအခြေခံ၍လည်းကောင်း ထွက်ပေါ်လာကြပါတယ်။ မိမိအသက်ကို တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးဆပ်ရင်း ပါဝင်ကြတဲ့အရောက်စီတိုင်းဟာ လေးစားအတုယူဖို့ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ အဖွဲ့အစည်းတွေကို အပြုသဘောနဲ့သုံးသပ်ရရင် စည်းလုံးညီညွတ်မှုကောင်းတဲ့ အဖွဲ့တွေဟာ အင်အားကောင်းကောင်းနဲ့ လှုပ်ရှားနိုင်ဒါကို တွေ့ရပြီး စည်းလုံးညီညွတ်မှု အားနည်းတဲ့ အဖွဲ့တွေကတော့ လှုပ်ရှားရုန်းကန်နေရတဲ့ အခြေအနေတွေကိုလည်း တွေ့ရှိရ ပါတယ်။

နှစ် (၃၀) ကျော်ရပ်လာတဲ့ CNA/ CNF အနေနဲ့ အတိုင်းအတာတစ်ခုထိ တောင့်တောင့် တင်းတင်း ရပ်တည်လျက်ရှိပြီး CDF-Mindat, CNO/CNDF ကဲ့သို့သော တစ်ချို့သော အဖွဲ့များလည်း အင်းအားအတိုင်းတာတစ်ရပ် တောင့်တင်းစွာ ရပ်တည်နေဒါကိုတွေ့ရှိရပါတယ်။ ရလဒ်ကောင်းအနေဖြင့် CJDC အား အောင်မြင်စွာစုဖွဲ့နိုင်ပြီး အင်းအားတောင့်တင်းသည့် အဖွဲ့များမှ ဉီးစီးဉီးဆောင်နိုင်ကြသည်ကို တွေ့ရှိရပါတယ်။ CJDC တွင်အဖွဲ့အားလုံးအနေဖြင့် ပွင့်လင်းမြင်သာစွာ ချပြဆွေးနွေးပြီး အားလုံးသဘောတူညီသည့်မူဝါဒများချမှတ်ကာ ချမှတ်ထားသည့်အတိုင်း ဆောင်ရွက်ခြင်းဖြင့် စည်းလုံးညီညွတ်အားဖြစ်​ပေါ်​စေပြီး အောင်မြင်မှုများ လျင်မြန်စွာရရှိ​စေမည်ဖြစ်ပါသည်။ ထိုသို့မဟုတ်ပဲ အင်အားအသင့်အသင့်ရှိသည့်အဖွဲ့ကြီးများအနေဖြင့် Hidden Policy ကျင့်သုံးမှုများ ရှိနေမည်ဆိုပါက မညီညွှတ်မှုနှင့် စိတ်ဝမ်းကွဲပြားမှုများ ယူဆောင်လာကာ အောင်မြင်မှုနှင့် ဝေးကွာနေအုံးမည်ဖြစ်ပါသည်။ မိမိအမြင်အရ သုံးသပ်ရလျင် –

၁) ဖလမ်းဖြစ်စဉ်တွင် CJDC မူများတိတိကျကျသတ်မှတ်ထားရှိပါက ထားရှိချက်အတိုင်း လိုက်နာဆောင်ရွက်ရပါမည်၊ လက်ရှိဖြစ်စဥ်အရ CNO/CNDF နဲ့အတူရပ်တည်​ပေးရပါမည်၊

၂) CNO/CNDF ၏ အမည်နာမဖွဲ့စည်းအသုံးပြုမှုသည် ကျယ်ပြန့်သည့်ရွယ်ချက်သဘော ရှိနိုင်သော်လည်း ယခင်ချင်းပြည်အတွက် တည်ရှိပြီးဖြစ်သည့် CNA/CNF နှင့် စင်ပြိုင်အသုံးပြုသည့်သဘောသက်ရောက်သည်ဟု မြင်ပါသည်၊ Chin ဆိုသည့်အမည်နာမသည် ချင်းလူမျိုး တိုင်းနှင့် သက်ဆိုင်သည့်အားလျော်စွာ ချင်းအားလုံးပါဝင်စုဖွဲ့သည့် အဖွဲ့အစည်းများအတွက် အသုံးပြုပါက ပိုမိုသင့်လျော်မည်ဟု သုံးသပ်ပါသည်၊

၃) တော်လှန်ရေး၏ အဓိကပန်းတိုင်ဖြစ်သည့် အာဏာရှင်အားတိုက်ဖျက်ပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစနစ်ကို ရောက်ရှိရေးဖြစ်သည့်အတွက် မိမိမြို့နယ်၊ မိမိဒေသ၊ မိမိပြည်နယ်အလိုက် စည်းလုံးမှု ကျစ်လစ်စွာထားရှိပြီး ဘုံရန်သူကိုအဓိက တိုက်ထုတ်ဖို့ကို ပိုမိုသတိပြုကြစေလိုပါသည်၊

ခြုံငုံသုံးသပ်ရလျင် အားကြီးသူက အားငယ်သူကိုလက်တွဲခေါ်ရမည်ဖြစ်သလို တန်တူအားလည်း လေးစားအသိမှတ်ပြုရန်လိုအပ်ပါသည်။ ချင်းလူမျိုးများအနေဖြင့် ယခုအချိန်တွင် ယခင်အချိန်များထက် ပိုမိုစည်းလုံးရန် အထူးလိုအပ်လျက် ရှိနေသောအချိန်ဖြစ်ပါသည်။ ပြည်ထောင်စု၏ ပြောင်းလဲမှုအရွေ့သည် မိမိတို့၏ မည်သည့်အတိုင်းအတာအထိ စုစည်းဆောင်ရွက်နိုင်သလဲ ဆိုသည့်အခြေအနေပေါ် များစွာမူတည်နေပါသည်။ ယခင်ခေတ်ဟောင်းချိန်က “ချင်းအမျိုးသားနေ့မှာ (၉) ပိုင်း ပိုင်းထားတဲ့ ချင်းသီချင်းကို (၉) မြို့နယ်မှ တစ်ပိုင်းစီသီဆိုပါမည်” ဆိုသည့် အခြေအနေမှ ရုန်းထွက်ပြီး ချင်းလူမျိုးများအနေဖြင့် အတူသံပြိုင်သီးဆိုရန် အချိန်အခါကျရောက်ပြီဖြစ်ကြောင်း နှိုးဆော်တိုက်တွန်း လိုက်ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: