• Specific News

  • April 2021
    S M T W T F S
     123
    45678910
    11121314151617
    18192021222324
    252627282930  
  • Donate Us

    Category 1: at the following link https://www.gofundme.com/manage/assistance-to-victims-of-military-coup-in-burma (or) Category 2: https://matupi.org/aids/

USA’s Sweeping Effort target on China


US’s Containment Policy will be indirectly or directly helping to solve the current Burma crisis. Though it is not the main interest for the US to take action on Burma, however, the current geopolitical scenario demanded the US ought to solve the problem of Burma. By doing so, which will gain double credit to the United States and her allies in the global arena without spending extra expenses under “Containment policy”

Here is introduction to taste for Burmese readers:-

အမေရိကန် ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီခေါင်းဆောင်တွေဟာ

အဓိကအရေးပါတဲ့ဥပဒေတစ်ခုကိုပြဌာန်းဖို့ အေပြီလ၈ရက်နေ့ကစပြီးအဆိုပြုလိုက်ကြပါတယ်

တရုပ်တို့ကမ္ဘာတလွှားမှာ စိုးမိုးဖို့ချဲ့ထွင်ပြုလုပ်လာနေတာတွေကို ပြန်တွန်းလှန်ဖို့အတွက်

လူ့အခွင့်အရေးကိစ္စတွေမှာအလေးဂရုပြုရှေ့တန်းတင်ရေးရယ် လုံခြုံရေးဆိုင်ရာအကူအညီအထောက်အပံ့ပေးရေး ရယ်

သတင်းအမှားဖြန့်ချိတာတွေကိုတန်ပြန်တိုက်ခိုက်ဖို့အတွက် ရင်းနှီးမြှုပ်နှံဖို့ရယ်စတာတွေမှာ အမေရိကန်အနေနဲ့ ပိုမိုဆောင်ရွက်နိုင်ဖို့အတွက်ပြုစုတဲ့ဥပဒေပါပဲ အဲ့ဒိဥပဒေကို “Strategic Competition Act of 2021,” လို့အမည်ပေးထားပါတယ်

( မဟာဗျူဟာယှဥ်ပြိုင်ပွဲဥပဒေ၂၀၂၁ )လို့ ဆိုရပါမယ်

အဲ့ဒိဥပဒေအရဘာတွေကိုလုပ်ခွင့်ပြုထားသလဲ ဆိုရင် ဘေဂျင်းကိုသံတမန်ရေးအရသော်လည်းကောင်း

မဟာဗျူဟာရေးအရသော်လည်းကောင်း စတင် တုန့်ပြန်ပြုမူဖို့(တုန့်ပြန်တိုက်ခိုက်တယ်လို့လည်းယူလို့ရပါတယ်) ခွင့်ပြုချက်ပေးထားပါတယ်

ဒီအချက်ဟာ ကွန်ဂရက်လွှတ်တော်က တရုပ်အပေါ်သဘောထားတင်းမာကြသူ (ဒီမိုတွေရော ရီပါဘလစ်ကန်တွေပါအပါအဝင်)အမတ် တွေရဲ့ သဘောထားတွေကိုထင်ဟပ်နေပါတယ်

ဒီသတင်းဟာ ကြာသပတေးနေ့က ရိုက်တာက ပထမဆုံးသိရှိခဲ့ရတဲ့ သတင်းပါ စာမျက်နှာပေါင်း၂၈၀ ပါတဲ့ ဥပဒေအဆိုပြုချက်ဟာ

တရုပ်နဲ့ စီးပွားရေးပြိုင်ဆိုင်မှုလို့ခေါ်ထားပေမယ့် လူမှု့အခွင့်အရေးနဲ့ဒီမိုကရေစီတန်ဖိုးတွေကိုလည်း ရှေ့တန်းတင်ထားပါတယ်

ပြောပြရရင် ဝီဂါမွတ်စလင်တွေအပေါ် ပြုမူနေတာတွေအပေါ်ပိတ်ဆို့အရေးယူဖို့ရယ်

ဟောင်ဟောင်က ဒီမိုကရေစီအရေးအခင်းတွေအပေါ်ထောက်ခံပံ့ပိုးပေးရေးစတာတွေပါနေပါတယ်

ပြီးတော့ဥပဒေထဲမှာ အင်ဒိုပစိဖိတ်ဒေသမှာအမေရိကန်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ဖို့

အတွက်စစ်ရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုတွေကို ဦးစားပေးဆောင်ရွက်ဖို့ပါဝင်ပါတယ်

ကွန်ဂရက်အနေနဲ့ ပြည်ထောင်စုအသုံးစားရိတ်တွေကို တရုပ်နဲ့ယှဥ်ပြိုင်နိုင်တဲ့ အနေအထားအထိ ရည်မှန်းပြီး ဘတ်ဂျက်ချပေးဖို့ လည်းပါဝင်ပါတယ် ဥပဒေကြမ်းမှာ

၂၀၂၂ ကနေ၂၀၂၆အတွင်း နိုင်ငံခြားစစ်တပ်တွေအတွက် အသုံးစားရိတ် အမေရိကန်ဒေါ်လာသန်း ၆၅၅သန်းကျခံပေးဖို့ အပြင်

အင်ဒိုပစိဖိတ်ဒေသ ပင်လယ်ရေကြောင်းလုံခြုံမှုနဲ့ဆက်စပ်အစီအစဉ်တွေအတွက် သန်း၄၅၀ ကျခံဖို့ ပါဝင်ပါတယ်

အမေရိကန်နိုင်ငံထဲမှာနိုင်ငံခြားကလာရောက် ရင်းနှီးမြှုပ်နှံမှုကိုကြီးကြပ်တဲ့ ကော်မတီ (CFIUS) ရဲ့ ငွေကြေးစီးဆင်းမှုစစ်ဆေးကြပ်မတ်ရေးကို ပိုမိုချဲ့ထွင်လုပ်ဆောင်ခွင့်ပြုတာလည်း ပါဝင်ပါတယ် ရင်းနှီးမြှုပ်နှံမှုတွေဟာ နိုင်ငံရဲ့လုံခြုံရေးကို ထိပါးနိုင်ခြေရှိမရှိ အသေအချာစစ်ဆေးဖို့လုပ်ပိုင်ခွင့်တွေပိုမိုပေးထားတာလည်းပါနေပါတယ် ဘယ်လိုပဲဖြစ်ပါစေ မူကြမ်းတွေရဲ့သဘောသဘာဝအတိုင်း ဆီးနိတ်မှာ လူစုံတက်စုံဆွေးနွေးကြမယ်ဆိုရင်တော့ အခုပြောတဲ့အချက်တွေဟာ ပြောင်းလဲကောင်းပြောင်းလဲသွားနိုင်စရာရှိပါတယ်

တိုင်ဝမ်နဲ့ပတ်သက်လို့လည်းပါပါတယ် တိုင်ဝမ်ကို အမေရိကန်ရဲ့ အင်ဒိုပစိဖိတ်မဟာဗျူဟာအရေးအတွက်အဓိကကျတဲ့ အစိတ်အပိုင်းလို့ ခေါ်ဆိုထားပြီး တိုင်ဝမ်က အရာရှိတွေနဲ့ဆက်ဆံရေးမှာကန့်သတ်ချက်မထားရှိဖို့ လည်းဖော်ပြထားပါတယ် တရုပ်ဟာတိုင်ဝမ်ကိုသူတို့ရဲ့ပြည်နယ်တခုလို့ သတ်မှတ်ထားတာပါ တရုပ်ရဲ့ရန်လိုပြီးမောက်မာမှုတွေအပေါ် အမေရိကန်ရဲ့မဟာမိတ်တွေအနေနဲ့ ပိုပြီးဆန့်ကျင် နိုင်စေဖို့ အတွက် အမေရိကန်ကအားပေးကူညီဖို့အပြင် လက်နက်ထိန်းချုပ်ရေးတွေမှာအတူတကွပူးပေါင်းလုပ်ဆောင်ကြဖို့လည်း ရေးသားထားပါတယ်

ဒီမိုကရက်တစ်ပါတီဆီးနိတ်တာ အမတ်များအဖွဲ့ ဥက္ကဌ Bob Menendez နဲ့ ရီပါဘလစ်ကန်က စီနီယာဆီးနိတ်အမတ် Jim Risch တို့နှစ်ယောက် အဆိုပြုကြတဲ့ အဲ့ဒိဥပဒေကို ကော်မတီဝင်တွေ ကြိုဖတ်နိုင်စေဖို့ ဖြန့်ဝေထားတာဖြစ်ပြီး အေပြီလ၁၄ရက်နေ့မှာ ဆွေးနွေးပြီး မဲပေးအတည်ပြုကြမှာပါ

အတည်ပြုနိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ် လို့ Menedez ကပြောပါတယ်

Risch ကတော့ တင်ပြထားတဲ့ဥပဒေကို ကျေနပ်တယ် အဲ့ဒိအထဲမှာ ခိုင်မာပြီး လိုက်နာအကောင်အထည်ဖော်ဖို့ မခက်ခဲတဲ့ အစီအမံတွေနဲ့အတူ အမေရိကန်တက္ကသိုလ်တွေမှာ တရုပ်ရဲ့လွှမ်းမိုးမှုတွေ ကိုဖယ်ရှားနိုင်မယ့် အချက်တွေပါနေတာက အားရစရာပါလို့ပြောပါတယ်

ဆီးနိတ်ရဲ့ စီးပွားရေးကော်မတီဟာ အေပြီလ၁၄ရက်နေ့မှာ ကြားနာမှု တခုလည်းပြုလုပ်စရာရှိနေပါတယ် အမေရိကန်ဆီမီးကွန်ဒတ်တာထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းတွေကို ထောက်ခံအားပေးတဲ့ ” endless frontier Act” ကိစ္စဖြစ်ပါတယ်

xxxxxx

အမေရိကန်တို့ဟာ လက်နက်အစုံအလင်ထုတ်သုံးလာနေပါတယ်

ဥပဒေတွေဟာ တရုပ်တို့ရဲ့ ခြေလက်တွေကိုတုပ်နှောင်ဖို့ ဦးတည်လာနေသလို ပတ်ဝန်းကျင်မှာလည်း ခြေချစရာမရှိအောင် ဆူးတွေချခင်းနေပါတယ် ကမ္ဘာကလက်မခံနိုင်တဲ့ အကြောင်းတရားတွေကို လုပ်လာတဲ့အထိစောင့်မယ် လုပ်တဲ့အခါ ထုတ်ဖော်မယ် မလုပ်ဖို့ပြောမယ် လုပ်နေကြောင်းသက်သေပြမယ် ပိတ်ဆို့ကြဖို့ပြောမယ် ဆိုတဲ့ တရစ်ချင်းအရစ်တွေကို ကြပ်လာတာတွေ့ကြရပါလိမ့်မယ်

တကမ္ဘာလုံးက တရုပ်ဆိုရင်ရွံ့ကြောက်ဖြစ်အောင် ဖယ်ကျဥ်လာနေအောင် မီးမောင်းထိုးပြနေပါတယ် တကယ်လည်းငြင်းလို့မရအောင်ဖြစ်နေတာကို တရုပ်ကခံရခက်ဖြစ်နေပါတယ်

အခုဥပဒေမူကြမ်းဟာ proactive လုပ်ပြတာဖြစ်ပါတယ် အတည်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ တရုပ်တို့ ခြေလှမ်းတုံ့သွားစေမယ်ဆိုတာကတော့သေချာပါတယ်

ဒီသတင်းကို ရိုက်တာကရေးတဲ့အခါမှာ sweeping effort လို့ခေါင်းစဉ်ထဲမှာပါအောင်ထည့်ရေးပါတယ် တဖြည်းဖြည်းချင်းနဲ့ဧရိယာအကျယ်ကြီးကိုကြံစည်တယ်လို့ ဆိုထားပါတယ်

ဟုတ်ပါတယ် အကုန်လုံးပါနေပါတယ်

စီးပွားရေး

စစ်ရေး

အသုံးစားရိတ်

နည်းပညာ

လူ့အခွင့်အရေး

လူမှုအရေး

ပညာရေး

Think tanks

ဆက်သွယ်ရေး

စက်မှုကုန်ကြမ်း

သံတမန်ရေး

ဒီမိုကရေစီအရေး

ပင်လယ်ရေကြောင်းအရေး စသည်အားဖြင့် အကျယ်ကြီး ပါနေပါတယ် တချို့ကိစ္စတွေက သိုင်းရဝိုင်းရတာကြာတတ်ပါတယ်

Credit to: Pi Lon @ ref Reuters

https://www.reuters.com/article/uk-usa-china-senate/details-of-sweeping-effort-to-counter-china-emerge-in-u-s-senate-idUKKBN2BW14S?edition-redirect=uk

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: