There are many evidence and factors which indicates the Chin National Front / Army is one of terror organization backed by the interim NUG (National Unity Government).
Part One:
Original Article from Stephen Shing Thang’s facebook posts as follows:-

NUG နှင့် လက်ရှိ ချင်းလက်နက်ကိုင် ပဋိပက္ခများ
————————————————————————–
လက်ရှိ ချင်းပြည်မှာ ချင်းလက်နက်ကိုင်အချင်းချင်း ပဋိပက္ခကြောင့် ချင်းပြည်သူများအပါအဝင် နွေဦးတော်လှန်ရေး တိုက်ပွဲအတွင်း မိမိ ရောက်သည့်နေရာ၊ရှိနေသည့်အရပ်မှ တက်ကြွစွာပါဝင်နေသည့် တိုင်းရင်းသားပြည်သူများ အားလုံး စိတ်ထိခိုက်နေကြပါတယ်။
ယခုဖြစ်ပေါ်နေသော ချင်းလက်နက်ကိုင်ပဋိပက္ခများဟာ NUG အစိုးရနဲ့လည်း တိုက်ရိုက် ဆက်နွယ်နေပါတယ်။ချင်းပြည်တည်ဆောက်ရေးနှင့် ချင်းအမျိုးသားတည်ဆောက်ရေးဟာ ၂၀၂၀ ရွေးကောက်ခံ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ချင်းအရပ်ဖက်အဖွဲ့အစည်းများနှင့် ချင်းလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လုံးဝ မဆိုင်ပဲ CNF/CNA ကသာ ဆောင်ရွက်ဖို့ တာဝန်ရှိတယ် ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ NUG နဲ့ CNF/CNA အကြား သဘောတူစာချုပ် ကို ၂၀၂၁ ခုနှစ်၊မေလ (၂၉)ရက်မှာ ချုပ်ဆိုခဲ့ကြပါတယ်။
ထိုစာချုပ်အပိုဒ်(၅)အရ ချင်းပြည် ချင်းလဲန်းတွင် ‘ချင်းအမျိုးသားတပ်မတော် တစ်ခုတည်းသာရှိရမည် ‘ဟူသောမူကို အသိအမှတ်ပြုပါကြောင်းနှင့် NUG(MoD)ဖွဲ့စည်းလာမည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ်ဖြစ်သည် ဆိုတဲ့အချက် ဟာ အံ့ဩစရာကောင်းလောက်အောင် NUG သမ္မတ ဒူဝါလရှီလ၊နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် နှင့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တို့မှ လက်မှတ်ရေးထိုးပေး လိုက်ပါတယ်။ဒါဟာ လက်ရှိချင်းလက်နက်ကိုင်အရှုပ်အထွေးရဲ့ အဓိက အချက်ထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုရင် အကြမ်းဖက်စကစ မှ ပြည်သူ့အာဏာကို လက်နက်အားကိုးနဲ့သိမ်းပိုက်ခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ လ ကတည်းက မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ပြည်သူများနည်းသူ ချင်းပြည်သူများသည်လည်း Civil Disobedience Movement (CDM)တွင်ပါဝင်ခြင်း၊ငြိမ်းချမ်းစွာဆန္ဒပြ ခြင်းများမှာလည်း တက်ကြွစွာပါဝင်လျက်ရှိကြပါတယ်။ထိုအချိန်တွင် အကြမ်းဖက်စကစတပ်ဖွဲ့များမှ ဆန္ဒပြခေါင်းဆောင်များအား ပစ်မှတ်ထားဖမ်းဆီး ခြင်းတွေရှိလာပါတယ်။ထို့ကြောင့် ချင်းလူငယ်များဟာ ၂၁ ရာစုနောက်ပိုင်း ယခုလို ကာလမျိုးမှာ အာဏာသိမ်းတာဟာ ဆန္ဒပြရုံနဲ့ ပြီးမှာမဟုတ်ကြောင်း၊လက်နက်ကိုင်လမ်းစဉ်ကို မဖြစ်မနေ ရွေးချယ်ရလိမ့်မယ် ဆိုတာ သဘောပေါက်ကြတဲ့အတွက်၊ကျေးရွာ၊ရပ်ကွပ်၊မြို့နယ်လုံခြုံရေးအဖွဲ့များ စတင်ဖွဲ့စည်းကြပြီး နီးစပ်ရာ တိုင်းရင်းသားလက်နက်ကိုင် များကိုလည်းကြိုးစားဆက်သွယ်ခဲ့ကြပါတယ်။ချင်းပြည်မှာဆိုရင် ချင်းလူငယ်ခေါင်းဆောင်များဟာ ချင်းအမျိုးသားတပ်မတော်CNA/F ကို အမိအရာ၊အဖအရာမှာထားပြီး ဖုန်းနဲ့သော်၎င်း၊ Zoom နဲ့သော်၎င်း၊ကိုယ်တိုင်သွားရောက် ၍သော်၎င်း၊နည်းလမ်းအမျိုးမျိုးဖြင့်ဆက်သွယ်ခဲ့ကြပါတယ်။ထိုစဉ်က CNA/F ဟာ နိုင်ငံရေးကို စားပွဲဝိုင်းလမ်းစဉ်နဲ့ပဲသွားနေကြောင်း၊ယခုအာဏာသိမ်းမှုဟာ NLD နဲ့ USDP ရဲ့ ပြသာနာသာ ဖြစ်ကြောင်းနှင့် မိမိတို့အနေဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပေါ်လာပါက လက်နက်အင်အား၊လူအင်အား လည်းမရှိသေးသဖြင့် ကူညီပေးနိုင်မှာမဟုတ်ကြောင်း အမြဲပြောဆိုခဲ့ကြပါတယ်။နောက်ဆုံး ၂၀၂၁ ခုနှစ်၊မတ်လ ကုန်ပိုင်းမှာ ချင်းလူငယ်ခေါင်းဆောင်များ၊ ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် CNA/F တို့ Zoom Meeting ပြုလုပ်ခဲ့ကြပါတယ်။ထိုအစည်းအဝေးတွင် ချင်းလူငယ်ခေါင်းဆောင်အချို့မှ အကယ်၍ ဆန္ဒပြခေါင်းဆောင်များအား အကြမ်းဖက်စစ်ကောင်စီများမှ မတရားဖမ်းဆီးလာပါက မိမိတို့လုံခြုံရေးအဖွဲ့များအနေဖြင့် ရိုးရာတူမီးဖြင့် ပြန်လည်ခုခံတိုက်ခိုက်မည်ဆိုပါက CNF/A အနေဖြင့် မည်သည့်နည်းလမ်းဖြင့် စစ်ရေးအကူအညီပေးနိုင်ကြောင်းပွင့်လင်းစွာမေးခွန်းထုတ်ချိန်မှာ Dr Lian Hmung Sar Khawng မှ စစ်ရေး စစ်ရာဖြစ်၍ မိမိအနေဖြင့် ဖြေဆိုလို့မရကြောင်း Salai Ram Kulh Cung (ထိုစဉ်က ကချင်ပြည်နယ်၊လိုင်ဇာမှ)အား ဖြေဆိုပေးဖို့ပြောပါတယ်။Salai Ram Kulh Cung မှ မိမိတို့ CNA/F အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်(၂၁ ရာစုပင်လုံ)လက်မှတ်ရေးထိုးတဲ့အဖွဲ့ဝင်ဖြစ်၍ လတ်သလော အကူအညီပေးဖို့ မဖြစ်နိုင်သေးကြောင်း ဖြေဆိုခဲ့ပါတယ်။ဒါကြောင့်မိမိအပါအဝင် ချင်းပြည်သူ့လုံခြုံရေးအစုအဖွဲ့ခေါင်းဆောင်များဟာ အရမ်းစိတ်ထိခိုက်ခဲ့ကြပြီး ကိုယ့်ဒူးကိုယ်ချွှန်၊ကိုယ့်လမ်းကိုဖောက်ဖို့ ဆုံးဖြတ်ခဲ့ကြကာ မိမိမြို့နယ်၊ဒေသ အခြေပြု လက်နက်ကိုင်အသီးသီး ဖွဲ့စည်းလာခဲ့ကြပြီး အကယ်၍ မြို့တစ်မြို့မှာ ပစ်ခတ်မှုရှိလာရင် ကျန်တဲ့မြို့အားလုံး တစ်ပြိုင်ထဲ ထ ဖို့အထိ တွေ့ဆုံဆွေးနွေးမှုတွေအကြိမ်ကြိမ်ပြုလုပ်ရင်း မင်းတပ်မြို့မှာဆိုရင် ၂၀၂၁ ခုနှစ်၊ဧပြီလ(၂၄)ရက်မှ စတင်ကာ တိုက်ပွဲများပြင်းထန်လာပြီး အခြားသောမြို့များသို့ တဖြေးဖြေး ကူးစက်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။အောင်မြင်မှုအချို့ရှိခဲ့သလို ဆုံးရှုံးနစ်နာမှုများစွာနဲ့ မြန်မာ့နွေဦးတော်လှန်ရေး အစ တူမီးသံ ဟာ ကျယ်လောင်သင့်သလောက်ကျယ်လောင်ခဲ့ပါတယ်။ အဆိုပါတူမီးသံရိုက်ခတ်မှုကြောင့်မိမိတို့ ကန်ပက်လက်မြို့မှာလည်း ၂၀၂၁ ခုနှစ်၊မေလ (၁၃)ရက် မှ စ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး မေလ (၁၇)ရက်နေ့မှာဆိုရင် အကြမ်းဖက်စစ်ကောင်စီမှ ရဟတ်ယာဉ် (၄)စီးဖြင့် လာရောက်ပစ်ခတ်ခြင်း၊စစ်အင်အားဖြည့်ခြင်းများပြုလုပ်သဖြင့် ရိုးရာတူမီးလက်နက်ကိုင် တိုက်ပွဲဝင် လူငယ်များဟာ အဆိုပါနေ့မှ စ၍ မိမိ အိမ်နှင့်မြို့ကို စွန့်ခွါလာရတာဟာ ယနေ့တိုင်ဖြစ်ပါတယ်။ထို့ကြောင့် အဆိုပါ ရက်စွဲ ၏ (12)ရက်အကြာ၂၀၂၁ ခုနှစ်၊မေလ (၂၉) ရက်မှာ NUG အနေဖြင့် CNF/CNA ကို ချင်းပြည်/ချင်းလဲန်း၏ တစ်ခုတည်းသော လက်နက်ကိုင်အဖြစ် အသိအမှတ်ပြုကာ လက်မှတ်ရေးထိုးတာဟာ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ(၁)ရက်နေ့ အကြမ်းဖက်စစ်ကောင်စီမှ မတရားအာဏာသိမ်းတာကို လက်မခံနိုင်ပဲ၊ ရာထူးစွန့်၊အိုးအိမ်စွန့်၊အသက်စွန့် တိုက်ပွဲဝင် နေတဲ့ ချင်းပြည်သူလူထုအားလုံးကို ဥပေက္ခာ ပြုရာရောက်ခဲ့ပြီး ယခုချိန်တွင် ချင်းလက်နက်ကိုင်များအကြား ကြီးမား သောပဋိပက္ခ ဖြစ်စေပါတယ်။
CNA/F ဟာ အဆိုပါ စာချုပ်ကို ယနေ့တိုင်ဆုတ်ကိုင်ပြီး NUG အစိုးရတည်ရှိနေသ၍ လူမိုက်လိုင်စင်အဖြင့် အသုံးပြုနေပြီး မိမိသာလျှင် ချင်းပြည်ချင်းလဲန်း တည်ဆောက်ရေးမှာ အခရာကျသည် ဟု မှတ်ယူစွဲကိုင်၍ NUG (MoD)မှ မြန်မာ့နွေဦးတောင်လှန်ရေးတွင် အစောဆုံး ရိုးရာတူမီးဖြင့်ရွံ့ရွံ့ ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသော ချင်းလက်နက်ကိုင်များအား ယနေ့တိုင် လက်နက်တပ်ဆင်မှုများ မပြုလုပ်ရန်ပိတ်ပင်တားဆီးလျက်ရှိပြီး NUG (MoD)အနေဖြင့်လည်း အဆိုပါ (MoU)စာချုပ်အရ CNF/A ၏ စကားကိုသာနားထောင်နေရပြီး ယနေ့ချိန်ထိ ၎င်းတို့ MoD လက်အောက်ခံတပ်ရင်းများကိုသာ လက်နက်တပ်ဆင်ပြီး၊နွေဦးတော်လှန်ရေးသမိုင်းတွင် အစောဆုံးတိုက်ပွဲအပြင်းထန်ဆုံး ဒေသများကို ယနေ့တိုင် လျစ်လျူရှုထားဆဲဖြစ်သည်။CNA/F သည် ချင်းကာကွယ်ရေးတပ်ဖွဲ့များ လက်နက်တပ်ဆင်ရေးကို NUG(MoD) ဖက်ပိတ်ဆို့ရုံမက KIA အပါအဝင် အခြားသော EAOs လက်နက်ကိုင်တပ်ဖွဲ့များ မှလည်း မိမိတို့ CNA/F မှလွဲ၍ အခြားချင်းလက်နက်ကိုင်များအား လက်နက်တပ်ဆင် ရောင်းချခြင်းများ မလုပ်ဆောင်ရန် ပိတ်ပင်ခဲ့သည်။
ထိုမျှမက တော်လှန်ရေးကာလ ချင်းအမျိုးသားရေးတည်ဆောက်ရာတွင်လည်း Federal Democracy Charter အရ NUG/NUCC တွင်ချင်းပြည်တစ်ခုလုံးကိုယ်စားပြုအဖွဲ့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)မှ နှုတ်ထွက်ခြင်း၊အမှတ်(၁)စစ်ဒေသအတွက် ချင်းလူငယ်များမှ ကချင်ပြည်နယ်အထိ တိုက်ပွဲကြားတွင် သွားယူသော လက်နက်များအား အပိုင်သိမ်းယူခြင်း၊ မိမိတို့စိတ်ကြိုက် ချုပ်ကိုင်ချယ်လှယ်နိုင်မည့် Chinland Council အားအတင်းအဓမ္မ ဖွဲ့စည်းခြင်း၊ ချင်းညီနောင်များ၏ထိန်းချုပ်ဧရိယာများသို့ အတင်းအဓမ္မတပ်ချခြင်း၊ဂိတ်ချခြင်း၊အဆမတန် အခွန် ငွေကောက်ခံခြင်း၊ထိုမှတဆင့် ဟားခါးနှင့်ထန်တလန်အခြေပြု Chinland Government ဖွဲ့စည်းပြီး ၎င်းသည် ချင်းပြည်တစ်ခု လုံး၏ အစိုးရအဖြစ်မတရား ကြော်ငြာပြီး Chinland Joint Defense Committee (CJDC) ပါဖျက်သိမ်း၍ အဆိုပါ ဟားခါး၊ထန်တလန်အခြေပြု အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်သို့အတင်းအဓမ္မ ထည့်သွင်းကာ ၎င်းတို့လက်အောက်မဝင်ပါက ဆုံထောင်းသကဲ့သို့ အမှုန့်ဖြစ်အောင် အမြစ်ပြတ်ချေမုန်းမည်ဟုကြုံးဝါးပြီး၊လက်တွေ့တွင်လည်း ၎င်းတို့လက်အောက်မဝင်သော မရာမျိုးနွယ်စုများအား ၎င်းတို့လက်အောက်ခံပူးပေါင်းတပ်အင်အား အလုံးအရင်းသုံးကာ ထိုးစစ်ဆင်သတ်ဖြတ်ခြင်း၊ဇိုမီးမျိုးနွယ်စုများအား ထိုးစစ်ဆင် သတ်ဖြတ်ခြင်း များမှ တဆင့် ယခုချိန်တွင် ၂၀၂၄ အတွင်း ချင်းပြည်ချင်းလဲန်း လွတ်မြောက်ရန် သံဓိဌာန်ချ၍ တိုက်ပွဲဝင်နေသော ချင်းညီနောင်နှင့်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များအား အကြမ်းဖက်စစ်ကောင်စီနှင့် ရှေ့နောက်ညှပ်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။ဤကဲ့သို့ CNA/F ၏ ထင်ရာစိုင်း မှုများသည် NUG မှ ၂၀၂၁ ခုနှစ်၊မေလ (၂၉)ရက်နေ့တွင် သဘောတူချုပ်ဆိုသော MoU လူမိုက်လိုင်စင် ကြောင့်ဖြစ်သည်။ထို့ကြောင့် ယခုလက်ရှိ ချင်းလက်နက်ကိုင် ပဋိပက္ခများ၏ အရင်းအမြစ်သည် NUG မှပေါက်ဖွားခဲ့သောကြောင့် NUG အစိုးရတွင် တာဝန်အပြည့်အဝ ရှိသည်။
နိဂုံး
—————–
ယခု ချင်းညီနောင်စစ်ဆင်ရေးကာလတွင် ဖြစ်ပေါ်လာသော ချင်းအချင်းချင်း ပဋိပက္ခ သည် ချင်းညီနောင် စစ်ဆင်ရေး အစပြုချိန်ကတည်းက ကြိုတင်ခန့်မှန်းပြီးဖြစ်၍ ယခုအဆင့်သို့ မရောက်စေရန်အတွက် ၂၀၂၄ ခုနှစ်၊မေလ(၃၀)ရက်နေ့တွင်ပြုလုပ်ကျင်းပသော NUG အစိုးရ၏ မဟာမိတ်ဆက်ဆံရေးဌာန(ARC)နှင့် ICNCC/Chin Brotherhood ချင်းညီနောင် တွေ့ဆုံသည့်အစည်းအဝေးတွင် မိမိတို့ ချင်းညီနောင်အနေဖြင့် ပြည့်စုံစွာတင်ပြခဲ့ပြီးဖြစ်သည်။ဆက်လက်၍ မိမိတို့ ICNCC နှင့်ချင်းညီနောင်(Chin Brotherhood)အနေဖြင့် ၂၀၂၄ ခုနှစ်၊ဇွန်လ(၁၁)ရက်နေ့တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဒု – ဝန်ကြီး နိုင်ကောင်းရွက် အားပြည့်စုံစွာထပ်မံ တင်ပြခဲ့ပြီးဖြစ်သလို ထပ်မံ၍ ၂၀၂၄ ခုနှစ်၊ဇွန်လ (၁၄)ရက်တွင်လည်း ICNCC/Chin Brotherhood နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဒု – ဝန်ကြီး ဦးနိုင်ထူးအောင်နှင့် ဦးနိုင်ကောင်းရွက်တို့အား မိမိတို့ ICNCC/Chin Brotherhood အနေဖြင့် စစ်ဆင်ရေးအစီအမံများနှင့် ယခုကဲ့သို့ CNA/F မှဝင်ရောက် နှောက်ယှက်တိုက်ခိုက်နိုင်သည့်အစီအမံများရှိနိုင်၍ တာဝန်ယူ တာဝန်ခံမှုအပြည့်ဖြင့် အချိန်မှီပြန်လည်ထိန်းကျောင်းပေးနိုင်ပါရန် ပြည့်စုံစွာဆွေးနွေးတင်ပြခဲ့ကြပြီးဖြစ်သည်။
သို့သော် မိမိတို့ဖက်မှ အချိန်မှီ သုံးကြိမ် သုံးခါတိတိ တင်ပြဆွေးနွေးခဲ့သော်လည်း NUG/MoD တာဝန်ရှိသူများအနေဖြင့် ၂၀၂၁ ခုနှစ်၊မေလ (၂၉)ရက်နေ့တွင် မိမိတို့လက်မှတ်ရေးထိုးခွင့်ပြုခဲ့သော သဘောတူစာချုပ်(MoU)ကို လွဲမှားစွာအသုံးချနေသော CNA/F အား ပြန်လည်ထိန်းကြောင်းရန် ပျက်ကွပ်ခဲ့ခြင်းကြောင့် CNA/Fသည် အကြမ်းဖက်စကစ တပ်စခန်းများအား ညီ နောင်မဟာမိတ်များနှင့်အတူ ပြင်းထန်စွာထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော ချင်းညီနောင်နှင့် မဟာမိတ်များအား အကြမ်းဖက်စစ်ကောင်စီ နှင့်အရှေ့အနောက်ညှပ်၍ ပူးပေါင်းတိုက်ခိုက်နေကြသဖြင့် ပို၍ ဝမ်းနည်းကြေကွဲမိပါကြောင်းတင်ပြရင်း NUG/MoD အနေဖြင့် လက်ရှိအခြေအနေအား အချိန်မှီ ပြန်ထိန်းကျောင်းပေးရန် နှင့် ချင်းညီနောင်နှင့်မဟာမိတ်များ၏ သမိုင်းတွင်မည့် ချင်းပြည်လွတ်မြောက်ရေးစခန်းသိမ်းတိုက်ပွဲများတွင်လည်း တော်လှန်ရေးအစိုးရတစ်ရပ်အနေဖြင့် သမိုင်းမှတ်တမ်းကောင်းများသွင်လောက်သည့် လိုအပ်သောအကူအညီများ ထိထိရောက်ရောက်အမြန်ဆုံးပေးပို့နိုင်လိမ့်မည်ဟု မျှော်လင့်ရင်း NUG နှင့် လက်ရှိ ချင်းလက်နက်ကိုင် ပဋိပက္ခ များ အား မိဘပြည်သူများထံသို့ အသိပေး အပ်ပါသည်။
Stephen Shing Thang
Chin Defense Force Kanpetlet.
၂၂.၆.၂၀၂၄
Filed under: 1 General News, 2 Burma News |




Leave a comment