• Specific News

  • December 2021
    S M T W T F S
     1234
    567891011
    12131415161718
    19202122232425
    262728293031  
  • Donate Us

    Category 1: at the following link https://www.gofundme.com/manage/assistance-to-victims-of-military-coup-in-burma (or) Category 2: https://matupi.org/aids/

No Space for Narrow Minded in Burma’s Revolution Process

Author: Taungzalatt Matupi

တော်လှန်ရေးအောင်ပြီးရင် ဂြိုလ်တစ်ခုစီမှာ နေတော့မယ့်အလား ဖြစ်နေကြပါလား… တစ်ချို့သောမျိုးနွယ်စုများကို ပြောချင်ပါတယ်။ ဖြစ်စဥ်ကို ဓမ္မဓိဠာန်းကျကျ စဥ်းစားသုံးသပ် လုပ်ဆောင်ကြဖို့လိုပါတယ်။ တစ်နွယ်ငင် တစ်စင်ပါဆိုသလို အားလုံးဟာ တစ်ခုနဲ့တစ်ခု အမှီတကဲပြုနေကြပါတယ်။

မျိုးနွယ်စုတစ်ခုထဲ အားကောင်းနေရုံနဲ့ တော်လှန်ရေးမအောင်မြင်နိုင်ဘူး၊ မြို့နယ်တစ်ခုအားကောင်းနေရုံနဲ့ တော်လှန်ရေးမအောင်မြင်နိုင်ဘူး၊ ပြည်နယ်တစ်ခုအားကောင်းနေရုံနဲ့တော်လှန်ရေးမအောင်မြင်ဘူး ၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစုစည်းစည်း၊ စည်းစည်းလုံးလုံး ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နဲ့ သွားမှ ပြည့်ဝတဲ့အောင်မြင်မှု အလျင်အမြန်ရရှိကြမှာဖြစ်ပါတယ်။

ရည်မှန်းချက်ပန်းတိုင်တူညီနေတဲ့သူတွေ ဘာကြောင့်မစည်းလုံးနိုင်ရမှာလဲ၊ ဘာကြောင့်မစုစည်းနိုင်ရမှာလဲ အားလုံး တစ်ဦးခြင်းပြန်သုံးသပ်ဖို့လိုပါတယ်။ တစ်ချို့သောသူများ သက်ဆိုင်ရာအဖွဲ့အစည်းမှာ ဦးစီးဦးဆောင်ပြုနေရဒါကို အခွင့်အရေးတစ်ရပ်အနေနဲ့ ဂုဏ်ဆာဖို့မဟုတ်ပါဘူး၊ ပြောရရင် တော်လှန်ရေးကာလ ခေါင်းဆောင်ဆိုဒါ ရှေ့တန်းကနေဦးဆောင်ပြီးတိုက်ပေးဖို့ရွေးချယ်ထားရှိတယ်ဆိုဒါ နားလည် သဘောပေါက်ကြဖို့လိုပါတယ်။

လိုဒါထက် (or) ရှိသင့်ဖြစ်သင့်ဒါထက်ပိုပြီး အဖွဲ့တွေ၊ မျိုးနွယ်စုတွေ အစိတ်စိတ်အမွှာမွှာ ကွဲပြားနေကြဒါကို သက်ဆိုင်ရာအလိုက် သေချာစဥ်းစားသုံးသပ်ဖို့လိုနေပါပြီ။ စစ်တပ်က သူ့လူတွေနေရာပေးနိုင်ဖို့ နေရာအမျိုးမျိုးဖန်တီးခဲ့သလို မိမိ (or) မိမိအမျိုး၊ဆက်စပ်သူ နေရာရ ဦးဆောင်နိုင်ရေးတစ်ခုကို အဓိကကြည့်ပြီး ကွဲပြားဒါမျိုးဆိုရင် လုံးဝ မလုပ်သင့်ပါဘူး။

ကျွန်တော်တို့ ရှိသင့်တဲ့ အတ္တထက် ပိုမရှိသင့်ပါဘူး၊ လူသားတိုင်း ရသင့်တဲ့ ပင်ကိုအခွင့်အရေးတွေကို လွတ်လပ်စွာ အပြည့်အဝ ရရှိကြရင် ဒါဟာ နေထိုင်လို့ အင်မတန်ကောင်းတဲ့ပတ်ဝန်းကျင်ဖြစ်လာမှာပါ။ မိမိမျိုးနွယ်စု၊ မိမိအမျိုးအတွက် တစ်ခုပဲကြည့်မယ်ဆိုရင် ကျွန်တော်တို့လည်း တစ်ဖက်ပိတ်တွေ မသိမသာဖြစ်နေကြမှာပါ။ မရှိရဘူးမဟုတ်ဘူး ရှိရပါမယ်၊ မျိုးချစ်စိတ်၊ အမျိုးသားရေးတွေ ရှင်သန်နိုးကြားမှုက ရှိကိုရှိရပါမယ်၊ အဖွင့်လေးနဲ့ရှိနေရပါမယ်။

တစ်ချို့တွေ လက်တွေ့တိုက်ပွဲဝင် လုံးပမ်းနေချိန် တစ်ချိုတွေ စစ်မတိုက်ဖူးသေးပဲ အဖွဲ့အနာမည်တွေကို မိုးဟိန်းနေအောင် အမျိုးမျိုးပေးနေကြဒါလည်းမသင့်တော်ဘူးလို့မြင်ပါတယ်။ ထည်ထည်ဝင်ဝင်လုပ်ကြပြီးမှ မှန်ကန်တဲ့အခြေအနေတစ်ခုကို သိရှိ/ရောက်ရှိကြပါမယ်။ ကိုယ်တိုင် တွေ့ကြုံခံစားကြပြီးမှ ခါးသီးမှုတွေကို ခံစားနားလည် စာနာပေးနိုင်ကြဒါဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ မှန်ကန်တဲ့စုဖွဲ့မှုနဲ့ အမြန်ဆုံးချီတက်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်

Leave a comment