• Specific News

  • July 2021
    S M T W T F S
     123
    45678910
    11121314151617
    18192021222324
    25262728293031
  • Donate Us

    Category 1: at the following link https://www.gofundme.com/manage/assistance-to-victims-of-military-coup-in-burma (or) Category 2: https://matupi.org/aids/

Insein Prisoners Protest in Burma

This morning, there was an outcry in Insein Prison, starting from the shouts of our revolutionary heroes who had been wrongfully arrested.  It is estimated around 20 prisoners were killed by security and military personnel for causing protest inside the prison.  After the incident, military personnel took over all the security, arrest some prison guards and removed all the rest prison guards from their respective duties.

The main reason of protest in the prison is that inmates were not given full access to medical care during the third wave of the Covid-19 pandemic. They sang a revolutionary song of singer Htoo Eain Thin, and shouted revolutionary slogans because of the prison restrictions.

The shouts were heard and other cells chased after them, causing a protest.

အင်းစိန်ထောင်တွင်း ဆန္ဒပြသူများကို စစ်တပ်ကပစ်ခတ်နှိမ်နင်း၊ အကျဉ်းသား ၂၀ ခန့် သေဆုံး

ဒီနေ့မနက်အင်းစိန်ထောင်တွင်းမှာ မတရားဖမ်းဆီးခံထားရတဲ့သူရဲကောင်းများရဲ့ ကြွေးကြော်သံတွေပေါ်ပေါက်ပြီး ထောင်တွင်းသပိတ်တုိက်ပွဲဖြစ်ပွားခဲ့ပါတယ် ။

အကြောင်းရင်းက‌ေတာ့ အကျဥ်းကျနေတဲ့သူတွေကုိ ကိုဗစ်-၁၉ ကပ်ရောဂါတတိယလှိုင်းဖြစ်ပွားချိန်ကာလအတွင်း ဆေးကုသခွင့်အပြည့်အဝမ‌ေပးခြင်း ၊ ထောင်ဝင်စာကန့်သတ်ထား‌ခြင်းတုိ့ကြောင့် အဆိုတော်ထူးအိမ်သင်ရေးစပ်ခဲ့တဲ့”သွေးသစ္စာ”သီချင်းကိုသီဆိုပြီး အော်ဟစ်ကြွေးကြော်ခဲ့တာဖြစ်ပါတယ် ။

ဟစ်ကြွေးသံတွေကိုကြားပြီး တခြားအဆောင်တွေကလည်း လိုက်ကြွေးကြော်တာကြောင့် ထောင်တွင်းသပိတ်တုိက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ် ။

ထုိ videoထဲကအသံတွေကုိ ကြားရပြီးနောက် အပြင်မှာရှိနေကြတဲ့ ကျွန်ုပ်တို့ပြည်သူများအနေနဲ့လည်း မျက်ရည်ဝဲလောက်အောင်ခံစားရပါတယ် ။

အင်းစိန်ထောင်တွင်း ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်တပ်ကဝင်ရောက် အကြမ်းဖက် ပစ်ခတ်နှိမ်နင်းရာမှာ အကျဉ်းသား အယောက် ၂၀ လောက် သေဆုံးသွားတယ်လို့ စစ်တပ်ထိပ်ပိုင်းနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

ဆန္ဒပြတဲ့ အကျဉ်းသားတွေကို စစ်တပ်က ပစ်ခတ်ခဲ့ရာမှာ အမျိုးသမီး အကျဉ်းသား ၅ ယောက် အပါအဝင် အယောက် ၂၀ လောက်သေဆုံးသွားတာဖြစ်ပြီး အင်းစိန်ထောင်ရဲ့ စီမံအုပ်ချုပ်ရေး တာဝန်တွေအားလုံးကိုလည်း စစ်တပ်က ယူထားတယ်လို့လည်း ပြောပါတယ်။

ဒီဖြစ်စဉ်မှာ ပါဝင်တဲ့ အကျဉ်းထောင်ဝန်ထမ်းတွေလည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ကလည်း အင်းစိန်ထောင်တွင်းဝင်ရောက်ခွင့် တောင်းခံထားပေမဲ့ ဝင်ရောက်ခွင့်မရသေးပါဘူး။

Leave a comment